Tuesday, September 8, 2009

လူတော်လူကောင်း

ရိုးသားခြင်းကိုလူကောင်းသူကောင်းများသာ၊ သူတော်စင်များကသာကြိုက်နှစ်သက်ကြသည်မဟုတ်၊ လူလိမ်လူကောက် သူခိုးဓားမြများကလည်း
သူတို့ ကိုယ်တိုင်က မရိုးဖြောင့်စေကာမူ ရိုးသားခြင်းကို နှစ်သက်ကြသည်၊၊ သူခိုးဓားမြတို့ သည်ပင်လျှင်လည်း သူတို့ အချင်းချင်း ရိုးသားသူကို
အပေါင်းဖော်ပြုကြမြဲဖြစ်သည်၊၊

ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ နုံခြင်း၊အခြင်းမဟုတ်ချေ၊၊ ပညာမဲ့ခြင်း မဟုတ်ချေ၊၊ ရိုးသားခြင်းဆိုသည်မှာ မိမိမရထိုက်သောပစ္စည်း ၊ မိမိ
မရထိုက်သော အခွင့်အရေးတို့ ကို မမက်မောခြင်းပင် ဖြစ်သည်၊၊ ရိုးသားဖြောင့်မတ်ခြင်းဟူသော ဂုဏ်ကို ရယူနိုင်ရန် လွယ်ကူလှသည် မဟုတ်ချေ၊၊
ရိုးသားဖြောင့်မတ်မူ့ ကြောင့် မိမိ ဒုက္ခမရောက်ရအောင်ရှောင်တိမ်း ကာကွယ်တတ်သော ပါးနပ်မူ့ ရှိရန် လိုအပ်သည်၊၊ ထို့ အတူ ရိုးသားမူ့ ကြောင့်
ဆိုက်ရောက်လာတတ်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်သော သတ္တိလည်း ရှိရန်လိုအပ်သည်၊၊ ထို့ ကြောင့် သတ္တိမရှိဘဲ ရိုးသားလို့ မရနိုင်ချေ၊၊

(၁)လူတော်လူကောင်း၊လူကောင်းလူတော် စသည်ဖြင့်ဆိုကြသည်၊၊ ကောင်းသည်ဆိုခြင်းမှာ စာရိတ္တနှင့် သက်ဆိုင်၍ တော်သည်ဆိုသည်မှာ
လူစွမ်းဥာဏ်စွမ်းနှင့် သက်ဆိုင်သည်၊၊
(၂)မကောင်းတာကို အကျင့်လုပ်ရင် မကောင်းကျင့်ပါသွားတာပဲ၊၊ ကောင်းတာကိုလည်း အကျင့်လုပ်ယူတာပဲ၊၊ ကျင့်ယူရင် ရတယ်၊၊
မျိုးဆက်သစ်များနှင့်တွေ့ ဆုံခြင်း
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

No comments: