ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။
http://kaungkinko.myanmarbloggers.org/
Friday, September 11, 2009
Tuesday, September 8, 2009
လူတို့ကျင့်ရာ မင်္ဂလာ
ဗုဒ္ဓဒေသနာတော်၌ လူမှုဘဝကျင့်သုံးထုံးများကို အကောင်းဆုံး ဖော်ပြသည့် ဒေသနာတစ်ခုလည်း ရှိသည်။ ယင်းကား မင်္ဂလာသုတ် တရားတော် ဖြစ်သည်။ မင်္ဂလသုတ်သည် လူ့ဘဝတစ်ခုလုံး အတွက် ဆောင်ရန် ရှောင်ရန်များကို ဖော်ပြထား၏။ တရားတော်ကို အနှစ် ချုပ်လျှင် ၃၈-ပါးမျှ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည် ။
၁။ လူမိုက်ကို မပေါင်းဖော်ခြင်း
၂။ ပညာရှိသူကို ဆည်းကပ်ခြင်း
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၎။ သင့်လျော်သော အရပ်ဒေသ၌ နေထိုင်ခြင်း
၅။ ရှေးကပြုသော ကောင်းမှုရှိခြင်း
၆။ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းခြင်း
၇။ အကြားအမြင် ဗဟုသုတများခြင်း
၈။ စက်မှု လက်မှု စသော အပြစ်မဲ့ ပညာကို တတ်မြောက်ခြင်း
၉။ ယဉ်ကျေးမှု အကျင့်သိက္ခာကို သင်ယူခြင်း
၁၀။ ကောင်းသောစကားကို ပြောဆိုခြင်း
၁၁။ မိဘနှစ်ပါးတို့အား လုပ်ကျွေးခြင်း
၁၂။ သား သားမယားတို့အား ပေးကမ်းထောက်ပံ့ခြင်း
၁၃။ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်ကို လုပ်ခြင်း
၁၄။ ပေးကမ်းလှူဒါန်းခြင်း
၁၅။ မြတ်သောအကျင့်ကို ကျင့်ခြင်း
၁၆။ ဆွေမျိုးတို့ကို တတ်နိုင်သလောက် ထောက်ပံ့ခြင်း
၁၇။ အကုသိုလ်ကင်းသော အလုပ်ကို လုပ်ခြင်း
၁၈။ မကောင်းမှုကို စိတ်ဖြင့် ဝေးစွာရှောင်ခြင်း
၁၉။ မကောင်းမှုကို ကိုယ်နှုတ်နှစ်ပါးဖြင့် ရှောင်ခြင်း
၂၀။ သေရည် သေရက် မူးယစ်ဆေးဝါးတို့ကို ရှောင်ခြင်း
၂၁။ ကောင်းမှုတို့၌ မမေ့လျော့ခြင်း
၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း
၂၃။ မောက်မာမှုမရှိဘဲ နှိမ့်ချခြင်း
၂၄။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်ခြင်း
၂၅။ သူတစ်ပါး၏ ကျေးဇူးကို သိတတ်ခြင်း
၂၆။ အခါအခွင့်သင့်တိုင်း တရားနာခြင်း
၂၇။ သည်းခံတတ်ခြင်း
၂၈။ ဆိုဆုံးမ လွယ်ကူသူ ဖြစ်ခြင်း
၂၉။ အရိယာ သံဃာတို့ကို ဖူးတွေ့ခြင်း
၃၀။ သင့်လျော်သောအခါ၌ တရားဆွေးနွေးခြင်း
၃၁။ ခြိုးခြံစွာ ကျင့်ခြင်း
၃၂။ မြတ်သောအကျင့်ရှိရခြင်း
၃၃။ အရိယသစ္စာတရားကို သိမြင်ရခြင်း
၃၄။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း
၃၅။ လောကဓံတရားတို့ကို ခံနိုင်ရည်ရှိခြင်း
၃၆။ စိုးရိမ်ကြောင့်ကြမှု မရှိခြင်း
၃၇။ ပြင်းပြသော အလိုရမ္မက်ကင်းခြင်း
၃၈။ ကြောက်ရွံ့မှု မရှိခြင်း

လူတော်လူကောင်း
ရိုးသားခြင်းကိုလူကောင်းသူကောင်းများသာ၊ သူတော်စင်များကသာကြိုက်နှစ်သက်ကြသည်မဟုတ်၊ လူလိမ်လူကောက် သူခိုးဓားမြများကလည်း
သူတို့ ကိုယ်တိုင်က မရိုးဖြောင့်စေကာမူ ရိုးသားခြင်းကို နှစ်သက်ကြသည်၊၊ သူခိုးဓားမြတို့ သည်ပင်လျှင်လည်း သူတို့ အချင်းချင်း ရိုးသားသူကို
အပေါင်းဖော်ပြုကြမြဲဖြစ်သည်၊၊
ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ နုံခြင်း၊အခြင်းမဟုတ်ချေ၊၊ ပညာမဲ့ခြင်း မဟုတ်ချေ၊၊ ရိုးသားခြင်းဆိုသည်မှာ မိမိမရထိုက်သောပစ္စည်း ၊ မိမိ
မရထိုက်သော အခွင့်အရေးတို့ ကို မမက်မောခြင်းပင် ဖြစ်သည်၊၊ ရိုးသားဖြောင့်မတ်ခြင်းဟူသော ဂုဏ်ကို ရယူနိုင်ရန် လွယ်ကူလှသည် မဟုတ်ချေ၊၊
ရိုးသားဖြောင့်မတ်မူ့ ကြောင့် မိမိ ဒုက္ခမရောက်ရအောင်ရှောင်တိမ်း ကာကွယ်တတ်သော ပါးနပ်မူ့ ရှိရန် လိုအပ်သည်၊၊ ထို့ အတူ ရိုးသားမူ့ ကြောင့်
ဆိုက်ရောက်လာတတ်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်သော သတ္တိလည်း ရှိရန်လိုအပ်သည်၊၊ ထို့ ကြောင့် သတ္တိမရှိဘဲ ရိုးသားလို့ မရနိုင်ချေ၊၊
(၁)လူတော်လူကောင်း၊လူကောင်းလူတော် စသည်ဖြင့်ဆိုကြသည်၊၊ ကောင်းသည်ဆိုခြင်းမှာ စာရိတ္တနှင့် သက်ဆိုင်၍ တော်သည်ဆိုသည်မှာ
လူစွမ်းဥာဏ်စွမ်းနှင့် သက်ဆိုင်သည်၊၊
(၂)မကောင်းတာကို အကျင့်လုပ်ရင် မကောင်းကျင့်ပါသွားတာပဲ၊၊ ကောင်းတာကိုလည်း အကျင့်လုပ်ယူတာပဲ၊၊ ကျင့်ယူရင် ရတယ်၊၊
မျိုးဆက်သစ်များနှင့်တွေ့ ဆုံခြင်း
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

“ How To Solve The Problem ”
အင်္ဂလိပ်ဘာသာပြန်ပေးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။
ခေါင်းစဉ်က “ How To Solve The Problem ” တဲ့..။
ပုံပြင်ပေးမဖတ်ခင်မှာ စကားတစ်ခွန်းပြောထားတယ်..။ ဘယ်တော့မှ မေ့မရစေမဲ့ စကားပေါ့..။
“ ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ လက် ခေါင်း အတူတူပဲ..
တစ်ခုပဲကွာတယ်.... ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်..ဆိုတာပဲ..။”
တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော
တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက
သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင်
ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။
ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။
ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့
ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ
မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ
နှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး
တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်
ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။
ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့
လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား
စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။
ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။
မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ
ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။
ဒါကြောင့်..........
ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့
ဟိုဘက်မှာရှိတဲ့
အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။
ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။
လောကကြီးမှာလဲ ဒီလိုပါပဲ...
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား...။
ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား...........ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။
ငါဟာ...........ခြင်္သေ့..........လား ခွေး...........လား...။ ။
အဖြေရလာပါလိမ့်မယ်....။ ။

Monday, September 7, 2009
အမေရိကန် Stanford University ရဲ့ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip
အမေရိကန် Stanford University ရဲ့ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip
Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။
ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝ ယောက်လို့
သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။
၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊
အာဖရိကလူမျိုး ၈ ယောက်
၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်
၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝ ယောက်
၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်
၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်
၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက
အမေရိကားသားတွေဖြစ်တယ်။
၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ
၈) စာမတတ်သူ ၇ဝ ယောက်
၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်
၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်
၁၁) ဘွဲ့ရသူ ၁ယောက်
၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ ယောက်
ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်
ဒီကမ္ဘာကြီးမှာနားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေ
လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး
ရှင်းလင်းစွာ တွေ့နိုင်တာက....
အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင်
သင့်အစားဝမ်းသာပါတယ်။ လူဦးရေ ၁ဝ သိန်းဟာ တစ်ပတ်တောင်
အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊
နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင်
သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊
အဖမ်းခံမထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ
သန်း ၃ဝဝဝ ထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊
နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ
၇၅%ထက် ချမ်းသာနေလို့ပါပဲ။
အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊
အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈%
ထဲလူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့
နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။
လူဦးရေသန်း ၂ဝဝဝ ဟာ စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ
စိုးရိမ်သောကဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို
အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော
ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်
နေလိုက်ကြပါ။

Friday, September 4, 2009
ကာလာမဒေသနာ စံပြုစရာ
ကေသမုတ္တရွာသား ကာလာမမင်းသားတို့က ဗုဒ္ဓဘုရားရှင်အား ဤသို့လျှောက်ထား၏။“မြတ်စွာဘုရား ကေသမုတ္တရွာ နိဂုံးသို့ ရောက်လာကြသည့် ရဟန်းပုဏ္ဏားဂိုဏ်း ဆရာများက မိမိတို့၏ အယူဝါဒသာ မှန်သည်။ အခြားအယူဝါဒများ မှားသည်ဟု ရှုတ်ချကဲ့ရဲ့ပြီး ပြောဆိုကြပါသည်။ တပည့်တော်တို့မှာ ဘယ်အယူဝါဒက အမှန် ဖြစ်သည်ဟု မဝေခွဲနိုင်အောင် ဖြစ်နေရပါသည်။ အယူဝါဒတွေ အပေါ်မှာ သံသယ ဖြစ်နေရပါသည် ဘုရား၊ ဝါဒမှန် ရမည့်နည်းလမ်းကို ဟောပြော တော်မူပါ”
ထိုအခါ ဗုဒ္ဓဘုရားရှင်က အယူဝါဒရေးရာနှင့် ပတ်သက်၍ စံထားစရာ ဒေသနာ ၁၀-ချက်ကို ဟောပြောတော်မူသည်။
“အို- ကာလာမမင်းသားတို့၊ သင်တို့သည် အယူဝါဒတစ်ရပ်ကို
၁။ တစ်ဆင့်စကား ကြားရုံဖြင့်လည်း လက်မခံကြနှင့်
၂။ ဘေးဘိုးစဉ်လာ အယူဝါဒဖြစ်၍လည်း လက်မခံကြနှင့်
၃။ ‘ဒီအရာက ဒီလိုဖြစ်သတဲ့’ ဟူသော ကောလာဟလ စကားကိုလည်း လက်မခံကြနှင့်
၎။ မိမိတို့ လေ့လာထားသော ကျမ်းစာနှင့် ညီညွတ်သည် ဟူ၍လည်း လက်မခhကြနှင့်
၅။ မိမိတို့ တွေးခေါ်ကြံဆမှုနှင့် ကိုက်ညီရုံဖြင့်လည်း လက်မခံကြနှင့်
၆။ ‘ဒီအရာဟာ ယုတ္တိရှိသည်’ ဟု နည်းမှီထောက်ဆ၍ ရရုံမျှဖြင့်လည်း လက်မခံကြနှင့်
၇။ ‘ဒီအရာဟာ မှန်ကန်ပြီ’ ဟု မိမိဘာသာ ဆင်ခြင် သုံးသပ်၍ ရရုံမျှဖြင့်လည်း လက်မခံကြနှင့်
၈။ မိမိတို့ စဉ်းစား တွေးကြံ လက်ခံထားသော အယူဝါဒနှင့် ကိုက်ညီပြီ ဟူ၍လည်း လက်မခံကြနှင့်
၉။ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်ကြီးက ပြောသောစကား ဖြစ်၍လည်း လက်မခံကြနှင့်
၁၀။ မိမိတို့လေးစားသော ဆရာသမား၏ စကားဖြစ်၍လည်း လက်မခံကြနှင့်’
ဤအချက်တို့ကို ထောက်ရှုသောအားဖြင့် ဗုဒ္ဓဘုရားသည် လူမှုအကျိုးတရားကို ဖော်ဆောင်နိုင်မည့် သစ္စဝါဒကို ရရှိနိုင်ရန်အတွက် ဉာဏချိန်ခွင်တွင် တင်၍ ဆုံးဖြတ်ခိုင်းထားခြင်း ဖြစ်သည်။
ဗုဒ္ဓဘုရားသည် ဝါဒရေးရာ စံပြုစရာ ၁၀-ချက်ကို ဟောပြပြီးနောက် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ရမည့် ဒေသနာဓမ္မကိုလည်း ဆက်လက်၍ ဟောပြတော် မူသည်။
“အို- ကာလာမမင်းသားတို့၊ သင်တို့သည် ‘ဒီတရားကမကောင်းမှု အကုသိုလ် တရားပဲ။ ဒီတရားက အပြစ်ရှိတဲ့ တရားဖြစ်တယ်။ ပညာရှိတို့ ကဲ့ရဲ့အပ်တဲ့ တရား ဖြစ်တယ်။ ဒီတရားကို ကျင့်သုံးရင် အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲဒုက္ခ ရောက်စေမယ်’ ဟု သင်တို့ ကိုယ်တိုင် သိရှိလာမည်ဆိုလျှင် ထိုတရားကို ဖယ်ရှားကြရမည်”
ဤနေရာတွင် ကောင်းမှုနှင့် မကောင်းမှုဆိုသော သဘောတရားကို လေ့လာ ရတော့မည်။ မကောင်းမှုသဘောကို အယူဝါဒ တစ်ခုနှင့်တစ်ခု သတ်မှတ်ပုံချင်း မတူညီကြပေ။ ဗုဒ္ဓဒေသနာတော်ကမူ မကောင်းသောအမှု၊ မကောင်းသော စရိုက် တို့ကို “မကောင်းမှု စရိုက် ၁၀-ပါး” နှင့်အဖြေရှာပေးထားသည်။
(မကောင်းမှု စရိုက် ၁၀-ပါး ကို ပို့စ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်)
Subscribe to:
Posts (Atom)