Thursday, September 17, 2009

ဆင်းရဲသားဘ၀မှ ရုန်းကန်ကြိုးစားနေတဲ့

၁။ မင်းဘဝမှာ အရေးအပါဆုံးလို့ မင်းထင်တဲ့ အချိုးအကွေ့ တစ်ခု
၂။ ဘဝမှာ မင်းကိုယ်တိုင် ဖြေရှင်းရပြီး အောင်မြင်ခဲ့တဲ့ အခက်အခဲ ပြဿနာ တစ်ခုအကြောင်း
၃။ မင်းအပေါ်မှာ ဩဇာအလွှမ်းမိုးဆုံး စာအုပ်တစ်အုပ်အကြောင်း
၎။ ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုး တစ်ခုခုအကြောင်း
၅။ မိန်းမတွေ ပညာတတ်စေချင်တဲ့အကြောင်း၊ မိန်းမတွေ ဆင်ခြင်ဉာဏ် ရှိစေချင်တဲ့အကြောင်း
၆။ မင်းရဲ့ ဘဝဒဿနက ဘာလဲ
၇။ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်အပြုအမူ၊ အပြောအဆိုတွေကို လွှမ်းမိုးထားတဲ့ စကားလုံးက ဘာလဲ
၈။ ရေရှည် ဖွံ့ဖြိုး တိုးတက်မှုဆိုတာဘာလဲ။ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်ပြီး မင်းကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ခဲ့ဖူးတဲ့ လုပ်ငန်းတစ်ခုအကြောင်း
၉။ မင်းကို အဖွဲ့အစည်း တစ်ခုခုက၊ တစ်ယောက်ယောက်က ဒေါ်လာနှစ်သိန်း ပေးလိုက်မယ် ဆိုပါစို့။ မင်းနိုင်ငံအတွက် မင်းဒီငွေကို အသုံးချပြီး ဖွံ့ဖြိုး တိုးတက်မှုမှာသုံးတော့ ဆိုရင် မင်းဘယ်နေရာမှာ အသုံးချမလဲ။ ဘယ်လို အသုံးချမလဲ။
၁၀။ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာ ဘာလဲ။ ယုံကြည်မှုကို ဘယ်လို တည်ဆောက်ရသလဲ။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

လူ့ဘ၀ဧ။်အကြီးမားဆုံးသောအသိတရား­၁၄ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။


၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။


၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ
ခြင်းဖြစ်သည်။


၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော
စိတ်ကြောင့်ဖြစ်သည်။


၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း
ခြင်းကြောင့်ဖြစ်သည်။


၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော
စိတ်ဓာတ်ကြောင့် ဖြစ်သည်။


၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု
ဖြစ်သည်။


၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့်
စိတ်ဓာတ်ဖြစ်သည်။


၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ်
မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။


၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး
ကောင်းမွန်ခြင်းဖြစ်သည်။


၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး
အကြွေးသံသရာဖြစ်သည်။


၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော
စိတ်ဓာတ် ဖြစ်သည်။


၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ
စိတ်ဓာတ်ဖြစ်သည်။


၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

Friday, September 11, 2009

ကိုယ့်ဘ၀ကို တစ်နေ့တစ်ခြားတိုးတက်စေနည်း

(၁) လူတိုင်းနဲ့ အဆင်ပြေပြေ ကျေကျေလည်လည်ပြောဆို ဆက်ဆံတတ်မှု။

(၂) ဒေါသကို အချိန်မီ ထိန်းချုပ်တတ်မှု

(၃) အားငယ်စိတ်ကို ရုတ်သိမ်းပြီး အမြဲစိတ်အားထက်သန်အောင် နေတတ်မှု

(၄) သစ္စာတရားကို လေးစားစွာ စောင့်ထိန်းမှု

(၅) မလိုလားအပ်တဲ့ ရန်သူများကြားမှာ လိမ္မာပါးနပ်စွာ နေတတ်ပြောတတ်မှု

(၆) မိမိရဲ့ ဘ၀ပေးလုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက်ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင် ဆောင်ရွက်နိုင်မှု

(၇) မိတ်ဆွေစစ် မိတ်ဆွေမှန်များ ရှာဖွေနိုင်မှု

(၈) မိမိကိုယ်ကို တန်ဖိုးထားပြီး ထိန်းသိမ်းနေထိုင်မှု

(၉) ကိုယ်ကျိုးစီးပွားရှာ အများအကျိုးအတွက်လည်း သယ်ပိုးဆိုသကဲ့သို့ သူ့ဘက်ကိုယ့်ဘက် ကြည့်တတ်မှု။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

ရှေးရှေးတုန်းကတော့

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

http://kaungkinko.myanmarbloggers.org/

Tuesday, September 8, 2009

လူတို့ကျင့်ရာ မင်္ဂလာ

ဗုဒ္ဓဒေသနာတော်၌ လူမှုဘဝကျင့်သုံးထုံးများကို အကောင်းဆုံး ဖော်ပြသည့် ဒေသနာတစ်ခုလည်း ရှိသည်။ ယင်းကား မင်္ဂလာသုတ် တရားတော် ဖြစ်သည်။ မင်္ဂလသုတ်သည် လူ့ဘဝတစ်ခုလုံး အတွက် ဆောင်ရန် ရှောင်ရန်များကို ဖော်ပြထား၏။ တရားတော်ကို အနှစ် ချုပ်လျှင် ၃၈-ပါးမျှ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည် ။

၁။ လူမိုက်ကို မပေါင်းဖော်ခြင်း
၂။ ပညာရှိသူကို ဆည်းကပ်ခြင်း
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၎။ သင့်လျော်သော အရပ်ဒေသ၌ နေထိုင်ခြင်း
၅။ ရှေးကပြုသော ကောင်းမှုရှိခြင်း
၆။ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းခြင်း
၇။ အကြားအမြင် ဗဟုသုတများခြင်း
၈။ စက်မှု လက်မှု စသော အပြစ်မဲ့ ပညာကို တတ်မြောက်ခြင်း
၉။ ယဉ်ကျေးမှု အကျင့်သိက္ခာကို သင်ယူခြင်း
၁၀။ ကောင်းသောစကားကို ပြောဆိုခြင်း
၁၁။ မိဘနှစ်ပါးတို့အား လုပ်ကျွေးခြင်း
၁၂။ သား သားမယားတို့အား ပေးကမ်းထောက်ပံ့ခြင်း
၁၃။ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်ကို လုပ်ခြင်း
၁၄။ ပေးကမ်းလှူဒါန်းခြင်း
၁၅။ မြတ်သောအကျင့်ကို ကျင့်ခြင်း
၁၆။ ဆွေမျိုးတို့ကို တတ်နိုင်သလောက် ထောက်ပံ့ခြင်း
၁၇။ အကုသိုလ်ကင်းသော အလုပ်ကို လုပ်ခြင်း
၁၈။ မကောင်းမှုကို စိတ်ဖြင့် ဝေးစွာရှောင်ခြင်း
၁၉။ မကောင်းမှုကို ကိုယ်နှုတ်နှစ်ပါးဖြင့် ရှောင်ခြင်း
၂၀။ သေရည် သေရက် မူးယစ်ဆေးဝါးတို့ကို ရှောင်ခြင်း
၂၁။ ကောင်းမှုတို့၌ မမေ့လျော့ခြင်း
၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း
၂၃။ မောက်မာမှုမရှိဘဲ နှိမ့်ချခြင်း
၂၄။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်ခြင်း
၂၅။ သူတစ်ပါး၏ ကျေးဇူးကို သိတတ်ခြင်း
၂၆။ အခါအခွင့်သင့်တိုင်း တရားနာခြင်း
၂၇။ သည်းခံတတ်ခြင်း
၂၈။ ဆိုဆုံးမ လွယ်ကူသူ ဖြစ်ခြင်း
၂၉။ အရိယာ သံဃာတို့ကို ဖူးတွေ့ခြင်း
၃၀။ သင့်လျော်သောအခါ၌ တရားဆွေးနွေးခြင်း
၃၁။ ခြိုးခြံစွာ ကျင့်ခြင်း
၃၂။ မြတ်သောအကျင့်ရှိရခြင်း
၃၃။ အရိယသစ္စာတရားကို သိမြင်ရခြင်း
၃၄။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း
၃၅။ လောကဓံတရားတို့ကို ခံနိုင်ရည်ရှိခြင်း
၃၆။ စိုးရိမ်ကြောင့်ကြမှု မရှိခြင်း
၃၇။ ပြင်းပြသော အလိုရမ္မက်ကင်းခြင်း
၃၈။ ကြောက်ရွံ့မှု မရှိခြင်း

လူတော်လူကောင်း

ရိုးသားခြင်းကိုလူကောင်းသူကောင်းများသာ၊ သူတော်စင်များကသာကြိုက်နှစ်သက်ကြသည်မဟုတ်၊ လူလိမ်လူကောက် သူခိုးဓားမြများကလည်း
သူတို့ ကိုယ်တိုင်က မရိုးဖြောင့်စေကာမူ ရိုးသားခြင်းကို နှစ်သက်ကြသည်၊၊ သူခိုးဓားမြတို့ သည်ပင်လျှင်လည်း သူတို့ အချင်းချင်း ရိုးသားသူကို
အပေါင်းဖော်ပြုကြမြဲဖြစ်သည်၊၊

ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ နုံခြင်း၊အခြင်းမဟုတ်ချေ၊၊ ပညာမဲ့ခြင်း မဟုတ်ချေ၊၊ ရိုးသားခြင်းဆိုသည်မှာ မိမိမရထိုက်သောပစ္စည်း ၊ မိမိ
မရထိုက်သော အခွင့်အရေးတို့ ကို မမက်မောခြင်းပင် ဖြစ်သည်၊၊ ရိုးသားဖြောင့်မတ်ခြင်းဟူသော ဂုဏ်ကို ရယူနိုင်ရန် လွယ်ကူလှသည် မဟုတ်ချေ၊၊
ရိုးသားဖြောင့်မတ်မူ့ ကြောင့် မိမိ ဒုက္ခမရောက်ရအောင်ရှောင်တိမ်း ကာကွယ်တတ်သော ပါးနပ်မူ့ ရှိရန် လိုအပ်သည်၊၊ ထို့ အတူ ရိုးသားမူ့ ကြောင့်
ဆိုက်ရောက်လာတတ်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်သော သတ္တိလည်း ရှိရန်လိုအပ်သည်၊၊ ထို့ ကြောင့် သတ္တိမရှိဘဲ ရိုးသားလို့ မရနိုင်ချေ၊၊

(၁)လူတော်လူကောင်း၊လူကောင်းလူတော် စသည်ဖြင့်ဆိုကြသည်၊၊ ကောင်းသည်ဆိုခြင်းမှာ စာရိတ္တနှင့် သက်ဆိုင်၍ တော်သည်ဆိုသည်မှာ
လူစွမ်းဥာဏ်စွမ်းနှင့် သက်ဆိုင်သည်၊၊
(၂)မကောင်းတာကို အကျင့်လုပ်ရင် မကောင်းကျင့်ပါသွားတာပဲ၊၊ ကောင်းတာကိုလည်း အကျင့်လုပ်ယူတာပဲ၊၊ ကျင့်ယူရင် ရတယ်၊၊
မျိုးဆက်သစ်များနှင့်တွေ့ ဆုံခြင်း
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့

“ How To Solve The Problem ”

အင်္ဂလိပ်ဘာသာပြန်ပေးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။
ခေါင်းစဉ်က “ How To Solve The Problem ” တဲ့..။
ပုံပြင်ပေးမဖတ်ခင်မှာ စကားတစ်ခွန်းပြောထားတယ်..။ ဘယ်တော့မှ မေ့မရစေမဲ့ စကားပေါ့..။
“ ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ လက် ခေါင်း အတူတူပဲ..
တစ်ခုပဲကွာတယ်.... ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်..ဆိုတာပဲ..။”

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော
တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက
သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင်
ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။
ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။
ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့
ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ
မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ
နှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး
တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်
ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။
ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့
လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲမြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား
စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။
ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။
မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ
ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။


ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့
ဟိုဘက်မှာရှိတဲ့
အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။
လောကကြီးမှာလဲ ဒီလိုပါပဲ...
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား...။
ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား...........ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။
ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။

ငါဟာ...........ခြင်္သေ့..........လား ခွေး...........လား...။ ။

အဖြေရလာပါလိမ့်မယ်....။ ။
forward.ထဲကကူးယူထာတာပါ။ကျွန်တော်ဖတ်ဖို့